top of page

အောင်မြင်သူတိုင်းမှာတွေ့ရတဲ့အခြေခံအချက်သုံးချက်

  • Writer: Steve Htet
    Steve Htet
  • Mar 3
  • 1 min read


စနစ်နားလည်မှု

ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ အခွင့်အလမ်းများကို နားလည်သဘောပေါက်ခြင်းဟာ ကျွန်တော်တို့ အနေနဲ့ လက်ရှိအခြေအနေကို မြင်သာစေနိုင်ပြီးတော့ ၊ အနာဂတ်မှာ ကိုယ်ရောက်ရှိနိုင်တဲ့ နေရာကို ကြည်ကြည်လင်လင် မြင်နိုင်စေပါတယ်။


စိတ်နေသဘောထား

ခိုင်မာတဲ့ အမြင်နဲ့ ယုံကြည်မှုရှိခြင်းက ဘ၀ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လမ်းကြောင်းကို လမ်းပြခေါ်ဆောင်ပေးပါတယ်။ မှန်ကန်စွာ တွေးတောဆုံးဖြတ်နိုင်ခြင်းက ပြောင်းလဲမှုများကို လက်ခံနိုင်စေပြီးတော့ တိုးတက်မှုများကို​ပေးနိုင်ပါတယ်။


ရဲစွမ်းသတ္တိ

ကျွန်တော်တို့ဘ၀မှာ မသေချာမှုတွေနဲ့ ပြည့်နေတယ်။ ကြောက်ရွံ့မှုတွေကြားကနေ ဆက်လက်လှုပ်ရှားနေဖို့အရေးကြီးတယ်။ နည်းမှန်မှန်နဲ့ စေတနာမှန်မှန်နဲ့ ဆက်လက် ကြိုးစားနေရင် တစ်နေ့တော့ အောင်မြင်မှုပန်းတိုင်ဆီကို ကျွန်တော်တို့ရောက်လိမ့်မယ်။ အောင်မြင်နေသူများကလည်း ဇွဲမလျှော့ဘဲ၊အမှားတွေ ကြားထဲကနေ လမ်းမှန်ကိုဆက်လက်ရှာဖွေ ကြိုးစားကြသူများဖြစ်ကြတယ်။

Comments


bottom of page