top of page

သင်ကိုယ်တိုင် အရာအားလုံးကိုလုပ်ဖို့ ကြိုးစားနေသလား

  • Writer: Steve Htet
    Steve Htet
  • Mar 30
  • 1 min read

🔥 ကိုယ့်ကိုယ်ကို အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့ ကြိုးစားနေတာကို ရပ်လိုက်ပါ – ဒါက ကျွန်တော်တို့ တိုးတတ်တာကို နှေးကွေးစေတဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်တယ်! 🚀

တစ်ခုခုကို ပြင်ဆင်ဖို့ နာရီပေါင်းများစွာ ကြိုးစားပြီးတော့မှ ကျွမ်းကျင်သူတစ်ယောက်က ၁၀ မိနစ်နဲ့ လုပ်နိုင်တာကို သတိထားမိတဲ့အချိန်မျိုး ရှိကြပါတယ်။ ဒါကို ကျွန်တော်တို့အားလုံးနီးပါး ကြုံဖူးကြမှာပါ။


အမှန်က DIY (Do it yourself) လုပ်တာက အကောင်းဆုံးရွေးချယ်မှု မဟုတ်ပါဘူး။ တကယ်တော့ DIY က ကျွန်တော်တို့ကို အချိန်ပိုကုန်စေတယ်၊ စိတ်ဖိစီးမှုကို ပိုဖြစ်စေတယ်၊ နောက်ပိုင်းမှာ ပိုက်ဆံတောင် ပိုကုန်စေနိုင်တယ်။ တကယ့်အောင်မြင်မှုတဲ့ သူတို့ရဲ့ သော့ချက်က ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်တာပါပဲ။ အချိန်ရယ် အကျိုးအမြတ်ရယ် အနာဂဏ် လမ်းကြောင်းကောင်းတွေကို သင့်သော်တဲ့ ကုန်ကျစရိတ်နဲ့ ဝယ်ယူလိုက်တာ ဖြစ်တယ်။


🎯 ကျွန်တော်တို့က ကိုယ်ကျွမ်းကျင်တဲ့ အရာကိုဘဲ အာရုံစိုက်ပြီး ကျန်တာတွေကို တခြားကျွမ်းကျင်တဲ့သူတွေကို ပူပေါင်းလုပ်ကိုင်လိုက်ပါ။

အောင်မြင်တဲ့သူတိုင်း နားလည်ထားတဲ့ အရိုးရှင်းဆုံး အချက်တစ်ခုက – ကျွန်တော်တို့က အရာအားလုံးမှာ ကျွမ်းကျင်ဖို့မလိုဘူး။ ဒါပေမယ့် ကျွန်တော်တို့က တစ်ခုခုမှာ အရမ်းကျွမ်းကျင်ဖို့လိုတယ်၊ ပြီးရင် ကျွန်တော်တို့အတွက် လိုအပ်တဲ့တခြားကျွမ်းကျင်တာတွေကို တခြားကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်ဖို့ပါပဲ။


🔹 ကျွန်တော်တို့က ရောင်းဝယ်ကျွမ်းကျင်တယ်၊ ဒါပေမယ့် စာရင်းကိုင်တာမှာ ညံ့တယ်ဆိုရင် – အခွန်တွေ မှားနေမယ့်အစား စာရင်းကိုင်တစ်ယောက် ငှားလိုက်ပါ။

🔹 ကျွန်တော်တို့က ဝန်ဆောင်မှုပိုင်းမှာ ကောင်းတယ်၊ ဒါပေမယ့် ဝက်ဘ်ဆိုဒ်ဆောက်ဖို့ ရုန်းကန်နေရတယ်ဆိုရင် – YouTube က videos တွေကို ထိုင်ပြီးကြည့်နေမယ့်အစား နည်းပညာကျွမ်းကျင်သူတစ်ယောက်နဲ့ ပူးပေါင်းလုပ်လိုက်ပါ။


အရာအားလုံးကို ကိုယ့်ဘာသာလုပ်ဖို့ ကြိုးစားနေတာက ကျွန်တော်တို့ရဲ့အချိန်တွေကို ဖြုန်းတီးပစ်သလို ကျွန်တော်တို့ရဲ့ တတ်လမ်းတွေကို အားရုံစိုက်ဖို့လည်း အချိန်တွေနည်းစေပါတယ်။

🤝 Win-Win-Win အကျိုးရှိတဲ့ ပူးပေါင်းလုပ်ဆောင်မှု – အောင်မြင်မှုကို ပိုမိုမြန်ဆန်စွာရောက်ရှိဖို့ လျှို့ဝှက်ချက် တစ်ခုပါဘဲ။

ကျွန်တော်တို့က ပူးပေါင်းလုပ်ဆောင်တဲ့အခါ လူတိုင်းအတွက် အကျိုးရှိပါတယ် –

✅ ကျွန်တော်တို့အတွက် အချိန်ပိုရလာမယ်၊ စိတ်ဖိစီးမှုတွေလျော့ကျပြီး ကျွမ်းကျင်သူတွေကြောင့် ရလဒ်ကောင်းတွေလည်း ရလာမယ်။

✅ ကျွန်တော်တို့နဲ့ ပူးပေါင်းပီးလုပ်ဆောင်ပေးတဲ့ ကျွမ်းကျင်သူအတွက်လည်း သူတို့ရဲ့အားသာချက်တွေကို အသုံးချခွင့်ရပြီး သူတို့ရဲ့ကျွမ်းကျင်မှုအတွက် အကျိုးဆက်ရလာဒ်တွေ ရမယ်။

✅ အဲဒါက လူ့အဖွဲ့အစည်းအတွက် ရောပိုမိုထိရောက်မှုရှိတယ်၊ ဝန်ဆောင်မှုတွေ ပိုကောင်းလာပြီး ပရော်ဖက်ရှင်နယ်ဆက်ဆံရေးတွေ ပိုခိုင်မာလာမယ်။


🚀 ကျွန်တော်တို့ smart ကျကျ အလုပ်လုပ်ဖို့နဲ့ ခဏလောက်အချိန်ယူပြီး ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

❓ ကိုယ် တကယ်ကျွမ်းကျင်ပြီး စိတ်ဝင်စားတာက ဘာလဲ?

❓ ဘယ်အလုပ်တွေက ကို့ကို နှေးကွေးစေတာက ဒါမှမဟုတ် စိတ်အားတွေ ကုန်ခန်းစေတာက ဘာလဲ?

❓ ပိုမြန်ဆန်ပြီး ပိုထိရောက်အောင် ဘယ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်လို့ရမလဲ?


ကျွန်တော်တို့အားလုံး ပူးပေါင်းပြီး အတူတူကြီးထွားနိုင်တဲ့ အသိုင်းအဝိုင်းတစ်ခု ဖန်တီးကြရအောင်။

Commenti


bottom of page