လုပ်ငန်းခွင်မှာ အားကိုးရသူဖြစ်ဖို့က တာဝန်ယူမှုကနေစတယ်
- Steve Htet
- Apr 2
- 1 min read

လိုအပ်တဲ့သူတွေကို ထိထိရောက်ရောက် ကူညီပြီး အနာဂါဏ်တွေကို ပြန်လည်ထူထောင်နိုင်ဖို့ ကျွန်တော်တို့မှာ ခိုင်မာတဲ့အနာဂါဏ်တွေ ရှိနေဖို့ အရေးကြီးပါတယ်။ ခိုင်မာတဲ့အနာဂါဏ်တွေကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့ သူတွေကို အမြန်ဆုံးအောင်မြင်နိုင်ဖို့ ကျွန်တော်လည်း သိသလောက် နားလည်သလောက် မျှဝေပေးသွားမှာပါ။ ဒီ Post လေးက တာဝန်ယူမှု၊ တာဝန်ခံမှုတို့ရဲ့ အရေးကြီးပုံနဲ့ လုပ်ငန်းခွင်မှာ စနစ်တကျ တာဝန်ယူတတ်အောင် သိသလောက် နားလည်သလောက် မျှဝေပေးသွားမှာပါ။
Singapore မှာ အလုပ်လုပ်နေတဲ့ စာဖတ်သူတို့အနေနဲ့, တစ်ခါတလေ ဒီလိုတွေးကြည့်ဖူး ကြပါသလား။
“အလုပ်ထဲမှာ ရာထူးကြီးကြီးကို ဘယ်လိုရနိုင်မလဲ???”
“အလုပ်ထဲမှာ အရေးပါသူဖြစ်အောင် ဘယ်လိုကြိုးစားရမလဲ???”
“အလုပ်ထဲမှာ အောင်မြင်သူဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲ???”
ဒါတွေကို ကျွန်တော်လည်း စဥ်စားကြည့်ခဲ့ဖူးပါတယ်။ နှစ်ပေါင်းများစွာလည် အဖြေ ရှာကြည့်ခဲ့ဖူးတယ်။ ကျွန်တော်တွေ့ရှိခဲ့တာက အချက်နှစ်ချက်ရှိပါတယ်။
၁) ကိုယ့်အလုပ်ပိုင်းဆိုင်ရာကို ဂရုစိုက်တတ်ပြီး တာဝန်ယူတတ်တဲ့ အကျင့်ကို ထင်ထင်ရှားရှား မြင်သာအောင် ပါးနပ်စွာ ပြသတတ်ဖို့ အရမ်းအရေးကြီးပါတယ်။
၂) ရာထူးကြီးလေလေ တာဝန်ကြီးလေလေ “Great power comes with great responsibility” ကို သေချာနားလည်ထားသင့်ပါတယ်။
အဲ့ဒါဘာကြောင့်လည်းဆိုတော့ စလုံးမှာ ရာထူးမတက်ခင် တာဝန်ကို အရင်ယူပြ ရပါတယ်။ တာဝန်ယူနိုင်ကြောင်း ခေါင်ခံနိုင်ကြောင်းကို သက်သေ အရင်လုပ်ပြရပါတယ်။ အဲ့ဒီအချိန်မှာ အဲ့ဒီနှစ်ချက်ကို သေချာနားလည်ထားမှ တာဝန်ကို ထိရောက်အောင် ယူနိုင်ပြီး ထင်ရှားစွာ ပြသနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ -
၁) ကဖေးမှာ ရေနွေးကြမ်းဘဲ ချက်ရတဲ့ လူငယ်လည်း ဂရုစိုက်ပြီး ရေနွေးကောင်းကောင်း ချက်နိုင်ရင် သူ့လုပ်ကိုင်မှုက အသုံးဝင်တယ်။ တဖြေးဖြေးနဲ့ သူတာဝန်ပိုယူရပြီး လစာတတ်ဖို့ အခွင့်အရေးတွေ ရှိလာမယ်။
၂) လုပ်ငန်းမှာ စာရင်းစာရွက်ထိန်းသိမ်းတဲ့ စာရေးလည်း အချက်အလက်မှန်မှန် မှတ်တမ်းတင်နိုင်ရင် သူ့တာဝန်ဟာ မဖြစ်မနေလိုအပ်ပါတယ်။ တဖြေးဖြေးနဲ့ သူတာဝန်ပိုယူရပြီး ရာထူးတတ်ဖို့ အခွင့်အရေးတွေ ရှိလာမယ်။
၃) Manager တစ်ယောက်ဟာ တာဝန်ယူမှုမရှိရင် သူဘယ်လောက်ဘဲရာထူးမြင့်နေပါစေ အားနည်းမှုတွေက သူ့အဖွဲ့ကို ပြုတ်ကျစေပါတယ်။ သူရဲ့ အခွင့်အရေးကောင်းတွေ ရှာပါးလာမယ်။
အခွင့်အရေးကောင်းတွေရဖို့ လိုအပ်တာက ရာထူးမြင့်ခြင်းမဟုတ်ပါဘူး။ တာဝန်ယူပြီး အားထားရမယ့် လူဖြစ်နေဖို့သာလိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ လုပ်ငန်းရှင်တွေ၊ အကြီးအကဲတွေက တာဝန်ယူမှုရှိတဲ့သူကိုပဲ လိုချင်ကြတယ်။ အားထားကြတယ်။
တစ်ခုသတိထားသင့်တာက တာဝန်ပိုယူတာနဲ့ အလုပ်ပိုယူတာကို ခွဲခြားသိဖို လိုပါတယ်။ အဲ့ဒီနှစ်ခုကိုရွှေးခိုင်ရင် များသောအားဖြင့် လူတွေက အလုပ်ကိုပိုလုပ်ရတာကို ရွေးလေ့ရှိပါတယ်။ တာဝန်ပိုယူတာက ပိုပြီးအန္တာရယ်ရှိတဲ့အတွက်ကြောင့်ပါ။ အလုပ်ပိုလုပ်ရုံနဲ့ ရာထူးမတက်ပါဘူး။ တာဝန်ပိုယူတတ်မှ အလုပ်မှာ အခွင့်အရေးကောင်းတွေ ရလာမှာပါ။ တာဝန်ကို ထင်ထင်ရှားရှား မြင်သာအောင် ပါးနပ်စွာ ယူတတ်မှ “လူတွေအားထားရတဲ့သူ” ဖြစ်လာမယ်။ ➡️ “လူတွေအားထားရတဲ့သူ” ဖြစ်လာမှ “အခွင့်အလမ်းပေးချင်တဲ့သူ” တွေပေါ်လာမယ်။ ➡️ အဲဒါမှ အနာဂါတ်ကောင်းတွေကို ကိုယ်တိုင် ရွှေးချယ် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ရာထူးရဲ့ နာမည်ထက်… တာဝန်ယူတတ်မှုက ပိုအရေးကြီးပါတယ်။
👎 Title တစ်ခုတည်းကိုသာ ရှာဖွေမနေပါနဲ့။
👍 လက်ရှိနေရာမှာ သင့်အဆင့်မှာ တာဝန်ယူတတ်မှုရှိပြီး အကောင်းဆုံးဖြစ်ဖို့ကို ကြိုးစားပါ။
အခြားသူများနဲ့ ယှဉ်ပြိုင်ရမှာလည်း မဟုတ်ပါဘူး။ ကိုယ့်တာဝန်မှာ အရေးပါသူ ဖြစ်လာဖို့ပဲ အာရုံစိုက်ပြီး ကြိုးစားနေတာက ကိုယ့်အနာဂါဏ်ကို တဖြေးဖြေး ခိုင်မာအောင် တည်ဆောက်နေတာလည် ဖြစ်ပါတယ်။
Kommentare