top of page

"ထိပ်တန်းမန်နေဂျာတွေ ပြဿနာဖြေရှင်းပြီး ပန်းတိုင်ရောက်အောင် ဘယ်လိုလုပ်လဲ? 🚀”

  • Writer: Steve Htet
    Steve Htet
  • Apr 12
  • 1 min read

အခုချိန်မှာ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ စိတ်ရော လူရော ပင်ပန်းနေခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကြီး ပြန်လည်ထူထောင်ရေးနဲ့ မိမိတို့ အသိုင်းအ၀ိုင်းတိုးတက်ရေးအတွက် ကျွန်တော်တို့လို နိုင်ငံခြားမှာ ရှိတဲ့လူတွေက ပိုကြိုးစားပြီးတော့ တက်လမ်းတွေကို ထိုးဖောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်တွေ ကြိုးစားလုပ်ကြမယ်။ မိမိရဲ့ အားနည်းချက်တွေကို အားသာချက်ဖြစ်လာအောင် ပြောင်းလဲကြမယ်။ ကျွန်တော်တို့ ထိပ်တန်းနေရာတွေကို တက်နိုင်ဖို့ ကြိုးစားရမယ်။ ဒီနေရာမှာ GROW Mindset ရှိဖို့ နဲ့ သူ့ ရဲ့ GROW Model ကို နားလည်ဖို့ အရမ်းအရေးကြီးလာပါတယ်။


အလုပ်ကြိုးစားနေပေမယ့် တိုးတက်မှုမရှိဘူးလို့ ခံစားနေရတာလား။ ရာထူးတိုးဖို့ ကြိုးစားနေတာလား၊ အလုပ်ပြောင်းချင်နေတာလား၊ ဒါမှမဟုတ် လက်ရှိအလုပ်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာတွေက တစ်ဦးတစ်ယောက်တည်း ကြုံရတာမဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်တွေအားလုံး ဒီလိုခံစားဖူးကြပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့သတင်းကောင်းက အကြီးတန်းမန်နေဂျာတွေမှာ အတားအဆီးတွေကို ဖြိုဖျက်ပြီး ပန်းတိုင်ရောက်အောင် စနစ်တကျ ပူးပေါင်းလုပ်နိုင်တဲ့ GROW Model ကို လက်တွေ့ကျင့်သုံးခြင်းပါဘဲ။ ဒါကြောင့် မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ တက်လမ်းကို ရှာဖွေဖို့ ဒီနည်းကို အသုံးချနိုင်အောင် ကျွန်တော်လည်း သိသလောက် မျှဝေလိုက်ပါတယ်!


GROW Model ဆိုတာဘာလဲ?

GROW ကို ကျွန်တော်တို့ရဲ့ အောင်မြင်မှုမြေပုံလို့ မြင်ကြည့်လိုက်ပါ! ဒါဟာ ရိုးရှင်းပေမယ့် စွမ်းအားရှိတဲ့နည်းလမ်းတစ်ခုပါ။ ထိပ်တန်းရောက်နေတဲ့သူတွေက ပန်းတိုင်ချမှတ်ဖို့၊ ရွေးချယ်စရာတွေရှာဖို့နဲ့ အကောင်အထည်ဖော်ဖို့ ဒီနည်းလမ်းကို အဓိက သုံးကြပါတယ်။ ဒီနည်းက ဘယ်လိုအလုပ်လုပ်လဲဆိုတော့—

🔹 G – Goal (ပန်းတိုင်): ကိုယ်ဘာရောက်ချင်တာလဲ? ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ။

🔹 R – Reality (လက်ရှိအခြေအနေ): အခုကိုယ်ကဘယ်နေရာမှာရှိလဲ? လက်ရှိအနေအထားကို နားလည်ပါ။

🔹 O – Options (ရွေးချယ်စရာများ): ကိုယ့်မှာ ဘာရွေးချယ်စရာတွေရှိလဲ? ဖြစ်နိုင်တဲ့အဖြေတွေကို စဉ်းစားပါ။

🔹 W – Way Forward (ရှေ့ဆက်လှမ်းမယ့်လမ်း): နောက်တစ်ဆင့်အနေနဲ့ ဘာလုပ်ရမလဲ? ဆုံးဖြတ်ပြီး စတင်လုပ်ဆောင်ပါ!

ဒီ နည်းလမ်းက ကိုယ်တစ်ယောက်ထဲ အဖြေရှာတာဘဲဖြစ်ဖြစ်၊ ကိုယ်အဖွဲ့အစည်းနဲ့ အဖြေရှာတာဘဲဖြစ်ဖြစ် အများကြီးအကူအညီဖြစ်စေပါတယ်။


ဒီအရာက ကျွန်တော်တို့အတွက် ဘာကြောင့် အရေးကြီးတာလဲ?

မြန်မာအသိုင်းအဝိုင်းမှာ ကျွန်တော်တို့အများစုက အလုပ်ကြိုးစားကြပေမယ့် cooperate လောကရဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရတာ ခက်ခဲနေတတ်ပါတယ်။ GROW Model က ကိုယ့်ကို နည်းဗျူဟာကျကျ တွေးခေါ်တတ်စေပြီး အလုပ်အကိုင်ကို ကျွမ်းကျင်တဲ့ ခေါင်းဆောင်တစ်ယောက်လို ပြဿနာတွေကို ဖြေရှင်းနိုင်လာလိမ့်မယ်။ ဒီနည်းလမ်းက အလုပ်အတွက်ပဲမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ တိုးတက်မှု၊ စီးပွားရေးဆုံးဖြတ်ချက်တွေ ချရာမှာလည်း အသုံးဝင်ပါတယ်။


👉 ဒီနေ့ပဲစလိုက်ကြရအောင်!

ကိုယ် ဘယ်ပန်းတိုင်ကို ရောက်ချင်ပါသလဲ? GROW Model ကိုအသုံးပြုပြီး စမ်းကြည့်လိုက်ပါ။ ဘဝမှာ ရုန်းကန်ရတဲ့အချိန်တိုင်းက ကျွန်တော်တို့ကို ပိုအားကောင်းထက်မြတ်လာစေဖို့ စမ်းသပ်နေတာပါ။ အခုခံစားနေရတဲ့ ဒီအတားအဆီးတွေကို ဖြတ်ကျော်နိုင်မယ်ဆိုရင် နောက်တစ်ဆင့် ကိုယ့်ရဲ့အနာဂတ်က ပိုတောက်ပလာမှာပါ! အဲဒီတော့မှ ကျွန်တော်တို့ အားနည်းသူတွေကို ပြန်ဖေးမနိုင်မယ်။ ပြန်လည်ထူတောင်ရေးအတွက် ကိုယ်ကပိုပြီးကူညီနိုင်လာမယ်။ GROW Model က ကျွန်တော်တို့အတွက် လမ်းပြမြေပုံ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်နိုင်တယ် ဆိုတာကို ယုံကြည်မှုနဲ့ ဒီနည်းလမ်းကောင်းတွေကို လက်တွေ့ကျကျ စတင်အသုံးချလိုက်ရအောင်!! 🚀💪"

Kommentare


bottom of page