ကိုယ်ပိုင်ခိုင်မာတဲ့အနာဂတ်တစ်ခုကို ရအောင်ဘယ်လိုတည်ဆောက်ကြမလဲ???
- Steve Htet
- Mar 21
- 1 min read

နေ့တိုင်း၊ ကျွန်တော်တို့က အလုပ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်။ ပန်းတိုင်တွေကို အောင်မြင်အောင် လုပ်တယ်၊ အချိန်ပိုလုပ်တယ်၊ ကိုယ့်ကိုယ်ကို အပြည့်အဝ စွန့်လွှတ်ထားတယ်။ ဒါပေမယ့် ခဏရပ်ပြီး ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ကျွန်တော်တို့က ကုမ္ပဏီရဲ့အနာဂတ်တစ်ခုထဲကို တည်ဆောက်နေတာလား? ကိုယ့်ရဲ့အနာဂတ်နဲ့ ကုမ္ပဏီရဲ့အနာဂတ်ကို ပြိုင်တူတည်ဆောက်လို့ရလား???🤔
စင်ကာပူမှာရှိတဲ့ မြန်မာလူမျိုးတွေထဲမှာ ကျွန်တော်မြင်ဖူးတဲ့ လူသုံးမျိုးရှိပါတယ်။
👤 တစ်ယောက်က သူရဲ့စွမ်းအား အားလုံးကို အလုပ်ခွင်မှာပဲ ထည့်သွင်းထားတယ်။ ဆက်မလေ့လာနေဘူး။ သူကအလုပ်မြဲတယ်၊ ပြီးတော့ သူ့ကြောင့်အသိုင်းအဝိုင်းကလူတွေအလုပ်ရှာရလွယ်တယ်။ ဒါပေမယ့် သူ့အလုပ်က တဖြေးဖြေးရှာလာတယ်။
👤 နောက်တစ်ယောက်ကတော့ အလုပ်ကို အနည်းဆုံးလုပ်ပြီး သူရဲ့စွမ်းအား အားလုံးကို သူ့ အပြင်အလုပ်တွေမှာ သုံးတယ်။ သူကအလုပ်မှာ တတ်လမ်းမရှိဘူး၊ ပြီးတော့ သူ့ကြောင့်အသိုင်းအဝိုင်း ကလူတွေအလုပ်ရှာရခက်ကုန်တယ်။
👤 နောက်ဆုံးတစ်ယောက်ကတော့ သူရဲ့စွမ်းအားကို အလုပ်ချိန်တွင် အလုပ်ခွင်မှာပဲ ထည့်သွင်းထားတယ်။ အလုပ်ချိန် အပြင်မှာ အလုပ်နဲ့ ဆိုင်တဲ့ အရာတွေ စိတ်ဝင်စားတဲ့ အရာတွေကို သင်တယ်။ သူရဲ့ ကျွမ်းကျင်မှုအသစ်တွေ ကြောင့် အလုပ်ထဲမှာ ပိုပြီးအဆင်ပြေလာတယ်။ သူ့အလုပ်ကလည်း တစ်ဖြေးဖြေးပေါလာတယ်။ သူ့ကြောင့်အသိုင်းအဝိုင်းကလူတွေ အကျိုးရှိတယ်။
အခု ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင်
✅ အလုပ်ပြီးရင် Facebook ကိုဘဲ သုံးနေတာလား၊ Netflix ကို အဆက်မပြတ်ကြည့်နေတာလား၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့အနာဂတ်ကို ပြောင်းလဲစေနိုင်မယ့် အရာတစ်ခုခု သင်ယူနေတာလားဆိုတာကို ပြန်သုံးသပ်ကြည့်ပါ။
ဒါတွေကတော့ ကျွန်တော်တို့ရဲ့အနာဂတ်အတွက် စတင်ရင်းနှီးမြှုပ်နှံနိုင်မယ့် နည်းလမ်းတချို့ပါ။
📚 အသစ်တွေကိုသင်ယူပါ: အွန်လိုင်းသင်တန်းတွေတက်ပါ၊ စိတ်အားတက်စရာစာအုပ်တွေဖတ်ပါ၊ ဒါမှမဟုတ် ဝါသနာပါရာဆွေးနွေးပွဲတွေမှာ ပါဝင်ပြီး ကျွမ်းကျင်မှုတွေကို မြှင့်တင်ပါ။
🤝 လူမှုကွန်ရက်ချဲ့ထွင်ပါ: ကိုယ့်ရဲ့ရည်မှန်းချက်တွေကို မြန်မြန်အကောင်အထည်ဖော်နိုင်အောင် အောင်မြင်ထားတဲ့လူတွေနဲ့ ချိတ်ဆက်ပါ၊ အဖွဲ့အစည်းတွေမှာ ပါဝင်ပါ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းထဲမှာ ပါဝင်ပါ။
အရေးကြီးတာက အလုပ်စဝင်ဝင်ချင်း အလုပ်အချိန် အလုပ်ကို အာရှံစိုက်ပြီး အလုပ်အချိန်အပြင်မှာ အလုပ်နဲ့ဆိုင်တဲ့ အရာတွေကို ကြိုးစားပြီးသင်ပါ။ အဲ့ဒါမှ အလုပ်မှာ ပိုမိုကျွမ်းကျင်လာပြီး အခွင့်အရေးကောင်းတွေ ရလတ်ကောင်းတွေ ရလာမှာဖြစ်ပါတယ်။ အလုပ်နဲ့ ဆိုင်တဲ့ကျွမ်းကျင်မှုတွေကလည်း ကိုယ်ရဲ့ အနာဂတ်အတွက် သေချာတဲ့ရင်းနှီးမြှုပ်နှံမှုကောင်းတွေလည်းဖြစ်တယ်။ အလုပ်နဲ့ဆိုင်တဲ့အရာတွေ လုံလောက်တော့မှ တခြားစိတ်ဝင်စားတဲ့ အရာတွေကိုသင်ပါ။ ကျွန်တော်တို့ရဲ့ အလုပ်အချိန်အတွင်း ကြိုးစားမှုက ကုမ္ပဏီရဲ့အနာဂတ်ကို တည်ဆောက်ပေးနိုင်ပေမယ့်၊ အလုပ်ပြီးရင် ကျွန်တော်တို့သင်ယူတဲ့အရာတွေက ကျွန်တော်တို့ရဲ့အနာဂတ်ကိုလည် တည်ဆောက်ပေးနိုင်တယ်ဆိုတာကို သတိရပါ။
စလုံးမှာ အလုပ်နှစ်ခုကို ပြိုင်တူလုပ်ခွင့် မရှိဘူး။ ဒါပေမဲ့ အလုပ်အချိန်အပြင်မှာ သင်တန်းကို ခွင့်ပြုချက်နဲ့ တက်ခွင့်ရှိတယ်။ အဲ့ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ့်ရဲ့တန်ဖိုး ကုမ္ပဏီရဲ့တန်ဖိုး ကိုယ့်အလုပ်ရဲ့တန်ဖိုးကို မြင့်တင်လို့ရတယ်။ အဲ့ဒီလိုလုပ်နိုင်မှ Win-Win-Win ဖြစ်နိုင်မယ်။
ကိုယ့်ရဲ့အလုပ်အပြင်မှာ ဘယ်အရာကို သင်ယူချင်လဲ၊ ဒါမှမဟုတ် ဘယ်အလေ့အထကို မွေးမြူချင်လဲဆိုတာကို သေချာစဥ်းစားကြည့်ပါ။ ကိုယ့်ရဲ့အနာဂတ်အတွက် ကိုယ့်အသိုင်းအဝိုင်းအတွက် ကိုယ့်နောင်မျိုးဆက်အတွက် ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတာကို အောက်က comment မှာ စာချန်ထားခဲ့ပါ💡! အနာဂတ် ခိုင်မာအောင်လုပ်ကြဖို့ အချင်းချင်းမျှ၀ေရင်း အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။💡
Comments