AIကတဖြည်းဖြည်းကျွန်တော်တို့jobတွေကိုနေရာဝင်ယူနေပါပီလား။
- Steve Htet
- Feb 26
- 1 min read

စင်ကာပူမှာရှိတဲ့ လုပ်ငန်းတွေက အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ နည်းပညာကို လုပ်ငန်းခွင်မှာ efficiency ပိုရှိအောင် အသုံးပြုနေကြပါတယ်။ ခုဆိုရင် စင်ကာပူရဲ့ အဓိက ဘဏ်ကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ DBS ဘဏ်ကတော့ လူတွေကြားမှာ သုံးစွဲမှုခေတ်စားလာတဲ့ Artificial Intelligence (AI) ရဲ့ အစွမ်းကို သူတို့လုပ်ငန်းစဥ်တွေမှာ အစားထိုးအသုံးပြုသွားတော့မှာ ဖြစ်ပါတယ်လို့ strait time ကိုပြောပြထားပါတယ်။
အဲဒါရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ အောက်ခြေရာထူးတွေဖြစ်တဲ့ contract နဲ့ ယာယီအလုပ်နေရာ (4000) ကျော်ကို လျှော့ပစ်ဖို့ အစီအစဥ်ရှိနေပါတယ်။ အဲလို အလုပ်တွေကို AI က အစားထိုးလာတာကလဲ သူတို့ရဲ့ နေ့စဥ်တူညီတဲ့ လုပ်ငန်းစဥ်တွေကို လုပ်ရတဲ့ အလုပ်တွေ ဖြစ်နေလို့ပါဘဲ။ ဒါကြောင့် AI တိုးတက်လာတာက လူသားတွေအတွက် အကျိုးပြုတဲ့ နေရာတွေ အများကြီးရှိသလို စိုးရိမ်စရာတွေလည်း တစ်ဖက်တစ်လမ်းမှာ ရှိနေပါတယ်။
DBS ကအလုပ်တွေကို တမင်လျှော့ချပစ်တာမဟုတ်ပါဘူး။ ဒါတွေက ခေတ်ရေစီးကြောင်းအရ ပြောင်းလဲတိုးတက်နေတဲ့အရာတွေကို မိမိအကျိုးအတွက် အသုံးပြုခြင်းဘဲ ဖြစ်ပါတယ်။ DBS က AI ရယ် Cybersecurity ရယ် Data Analytics နဲ့ပတ်သက်ပီး အလုပ်အသစ် 1000 ကိုတော့ ထပ်မံပီး ခေါ်သွားဖို့ ရှိပါတယ်။ အဲဒီ role တွေကို စိတ်၀င်စားသူတွေအတွက်တော့ အခွင့်ကောင်းပါဘဲ။
ဒါကြောင့် အမြဲတမ်းပြောင်းလဲတိုးတက်နေတဲ့ ပတ်၀န်းကျင်မှာ ကိုယ့်ရဲ့ career လမ်းကြောင်းအတွက် ဘာတွေ ပြင်ဆင်ထားရမလဲဆိုရင် အချက်သုံးချက် ရှိပါတယ်။
၁။တိုးတက်လာတဲ့ နည်းပညာတွေကို ကြိုတင်လေ့လာပါ။
၂။ လူစွမ်းအင်နေရာမှာ AI တွေကို အစားထိုးဖို့ ခက်ခဲတဲ့ ဖန်တီးတွေးခေါ်မှုပိုင်းတွေ၊ လုပ်ငန်းခွင်ပြဿနာဖြေရှင်းရန်လိုအပ်တဲ့ တွေးခေါ်မှု၊အရည်အချင်းတွေ၊ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ အသိဥာဏ်၊အတွေးအခေါ် ပိုင်းတွေမှာ တိုးတက်အောင် လေ့လာပြင်ဆင်ထားပါ။
၃။ AI တွေရဲ့ သာလွန်တဲ့ ဥာဏ်ပညာကိုအရင်းခံပီး သူတို့နဲ့အတူတွဲအလုပ်လုပ်နိုင်အောင်ကြိုးစားရင်း ကိုယ့်ရဲ့ အရည်အချင်း နဲ့ လုပ်နိုင်အားကိုမြှင့်တင်ဖို့ကြိုးစားပါ။
AI တွေရဲ့ စိန်ခေါ်မှုကို အံတုရင်း မိမိတို့ရဲ့ အရည်အသွေးကို အမြဲတမ်းမြှင့်တင်ဖို့ကြိုးစားတဲ့ အလေ့အကျင့်ကို မွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Comments